
- TMDB အမှတ်
- ၇.၅/၁၀
- ကြာချိန်
- ၂ နာရီ
- ထွက်ရှိသည့်ရက်
- ၂၀၁၈ မေ ၁၅
- ကြည်လင်ပြတ်သားမှု
- —
- သိမ်းဆည်းမှု
- ၁၀၁၄ MB
Deadpool 2
အကျဉ်းချုပ်
Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။ အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။ အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာလည်း တော်တော်မိုက်တယ်။တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။ Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတစ်ယောက် cameo ပါသေးတယ်။ သေချာကြည့်ကြည့်ကြပေါ့ဗျ။နောက်ထပ် Cameo ကတော့ IT ထဲက Pennywise လုပ်ခဲ့တဲ့ မင်းသား Bill Skarsgard လေးက Zeitgeist အဖြစ်ပါဝင်ထားတာပါပဲ
ဖိုင် ၁ ခု
၁၀၁၄ MB





